စာရေးသူ

အားလုံးမြင်နိုင်ရန်
Xochitl Dixon

ဆိုချီးလ်ဒစ်စင်

ဆိုချီးလ်ဒစ်စင် (Xochitl Dixon)သည် စာဖတ်သူများအား ဘုရားသခင်၏ ကျေးဇူးတော်ကို ပွေ့ဖက်ပြီး၊ ခရစ်တော်နှင့်ကိုယ်တိုင် အချိန်ယူခြင်း၊ တစ်ပါးသူနှင့် အချိန်ယူခြင်းအမှုများ၌ မိတ်ဿဟာယ နက်နဲတိုးတက်မှုရှိရေးအတွက် ပြင်ဆင်ပေးသည်။ အားပေးသည်။ စာရေးဆရာနှင့် ဟောပြောပို့ချသူအဖြစ် အစေခံလျက် xedixon.com တွင် အင်တာနက်ဒိုင်ယာရီရေးသူ ဘလော့ကာဖြစ်သည်။ သူမသည် သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် မိခင်ဘဝကို ပျော်မွေ့သည်။ သူမ၏ မိတ်ဆွေကောင်း ဒေါက်တာ ဒဘလူ အယ်လန် ဒစ်စင် စီနီယာ (Dr. W. Alan Dixon Sr.) နှင့် လက်ထပ်ခဲ့သည်။

စာမူ/ အကြောင်းအရာ များ ဆိုချီးလ်ဒစ်စင်

ရှင်ယေရှုနှင့် သာ၍တူလာသည်

ဘုရားသခင်သည် မီးခိုးရောင်ဇီးကွက်ကြီးကို ကိုယ်ယောင်ဖျောက်သည့်နေရာတွင်ဆရာတစ်ဆူဖြစ်နေအောင် ဖန်ဆင်းခဲ့သည်။ ယင်း၏ငွေရောင်စပ် မီးခိုးရောင်အမွှေးများတွင် အရောင်များ တစ်စုတစ်စုနှင့် ပါဝင်သောကြောင့် သစ်ပင်ပေါ်တွင် နားသည့်အခါ သစ်ခေါက်များနှင့်တစ်သားတည်းဖြစ်သွားသည်။ ဇီးကွက်များသည် အမြင်မခံလိုသည့်အခါ ကိုယ်ဖျောက်နိုင်စွမ်းရှိသောအမွှေးအတောင်များ၏အကူအညီဖြင့် မြင်သာသည့်နေရာများတွင် ပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်စေကာ ပုန်းကြသည်။

ဘုရားသခင်၏လူမျိုးများသည်လည်း တစ်ခါတစ်ရံ ထိုဇီးကွက်မျိုးနှင့် အလွန်တူသည်။ ကျွန်ုပ်တို့သည် လောကနှင့် အလွယ်တကူတသားတည်းဖြစ်သွားပြီး မရည်ရွယ် ဘဲနှင့်သော်လည်းကောင်း၊ တမင်သက်သက်သော်လည်းကောင်း ခရစ်တော်၌ ယုံကြည်သူများအဖြစ်ပင်လျှင် မမှတ်မိကြတော့ပေ။ ခမည်းတော်က “လောကထဲမှ”ရွေးနုတ်ပြီး သခင့်အား ပေးအပ်ထား‌သော၊ နှုတ်ကပတ်တော်ကို နာခံသော၊ သူ့တပည့်တော်များအတွက် ရှင်ယေရှု ဆုတောင်းပေးနေသည် (ယော၁၇:၆)။ ရှင်ယေရှုသည် သူတို့ကို ထားခဲ့ပြီးနောက် သူတို့အနေနှင့် သန့်ရှင်းခြင်း၌ ဆက်လက်ရှင်သန်နိုင်အောင်၊ ဝမ်းမြောက်ခြင်းအမြဲရှိနိုင်အောင် သူတို့ကို ကွယ်ကာပြီး အခွင့်အာဏာပေးရန် သားတော်ဘုရားက ခမည်းတော်ဘုရားထံ ဆုတောင်းသည် (:၇-၁၃)။ “ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။
မကောင်းသော…

လက်တွေ့မေတ္တာပြသခြင်း

တစ်ကိုယ်တော်မိခင်တစ်ဦးသည် ၅ နှစ်ကျော်မျှ သက်ကြွယ်အမျိုးသားတစ်ဦးနှင့် အိမ်ချင်းကပ် နေထိုင်ခဲ့သည်။ တစ်ရက်တွင် သူမ၏နေထိုင်ရေးကို စိတ်ပူပြီး သူကသူမ၏တံခါးခေါင်းလောင်း သွားတီးခဲ့သည်။ “မင်းကို မတွေ့တာ တစ်ပတ်ရှိပြီ။ မင်း အဆင်ပြေရဲ့လားလို့ ငါလာကြည့်တာပါ”ဟု သူ ပြောလိုက်သည်။ သူ၏ “ဘေးကင်းကျန်းမာလုံခြုံမှု”ကို စစ်ဆေးပေးခြင်းက သူမကို အားဖြစ်စေခဲ့သည်။ သူမသည် ငယ်စဉ်က အဖေကို ဆုံးရှုံးခဲ့ရသည့်အတွက် သူမနှင့် သူမမိသားစုကို ကြည့်ရှုပေးသည့် ကြင်နာတတ်သူတစ်ဦးရှိနေခြင်းကြောင့် သူမ ကျေးဇူးတင်ခဲ့သည်။

ကြင်နာမှု ဟူသည့် အခမဲ့ပေး၍ရပြီး၊ လက်ခံရရှိသူအတွက် တန်ဖိုးမဖြတ်နိုင်သောလက်ဆောင်က သဘောကောင်းခြင်းထက်မက ကျော်လွန်သည့်အခါ ၎င်းသည် သခင်ယေရှုခရစ်၏ ချစ်ခြင်းမေတ္တာကို ဝေမျှခြင်းအားဖြင့် အခြားသူများကို ကျွန်ုပ်တို့ အစေခံနေခြင်းဖြစ်ပါသည်။ ဟေဗြဲဩဝါဒစာရေးသူက ရှင်ယေရှုကို ယုံကြည်သူများသည် “ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်အသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်”သင့်သည်ဟု ဆိုပါသည်…

အဓိပ္ပာယ်ရှိသောမျဥ်းတိုသင်္ကေတ

ကျွန်မမိခင်၏အသက်တာခရီးအတွက် ဂုဏ်ပြုခြင်းအစီအစဥ်ကို ပြင်ဆင်နေစဥ် သူမ၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြား နှစ်ကာလများကိုဖော်ပြသည့် “မျဥ်းတိုသင်္ကေတနှင့် နှစ်ကာလများ” (မွေးဖွားခြင်း - သေဆုံးခြင်း)ကို မှန်ကန်သင့်လျော်သည့် စကားလုံးများဖြင့် ဖော်ပြနိုင်ရန် ဆုတောင်းခဲ့သည်။ ကျွန်မတို့၏ဆက်ဆံရေး၌ ကောင်းမွန်သည့်အချိန်များနှင့် အဆင်မပြေသည့်ကာလများအကြောင်း ဆင်ခြင်မိသည်။ သခင်ယေရှုက ကျွန်မအား “ပြုပြင်ပြောင်းလဲပေးသည်”ကို မြင်တွေ့ရပြီးနောက် အမေသည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခဲ့သည့်နေ့အတွက် ဘုရားရှင်အား ကျွန်မချီးမွမ်းခဲ့သည်။ ကျွန်မတို့သားအမိ ယုံကြည်ခြင်း၌ အတူတကွ ကြီးထွားစေရန် ကူညီမစခြင်းအတွက်၊ အမေသည် အခြားသူတို့အား ကြင်နာလျက် သူတို့အတွက် မည်ကဲ့သို့ ဆုတောင်းအားပေးတိုက်တွန်းခဲ့ကြောင်းကို ဝေမျှပေးသူများအတွက် ဘုရားရှင်ကို ကျေးဇူးတင်ပါသည်။ ပြီးပြည့်စုံသူတစ်ဦးမဟုတ်သော ကျွန်မ၏မိခင်သည် သခင်ယေရှုအတွက် တန်ဖိုးရှိစွာ အသက်ရှင်ခဲ့သည့်အသက်တာဖြစ်သည့် အဓိပ္ပာယ်ရှိသောမျဥ်းတိုကာလ နှစ်များကို မွေ့လျော်ခံစားခဲ့ရသည်။

သခင်ယေရှုကိုယုံကြည်သူတိုင်း ပြီးပြည့်စုံသူဟူ၍ မရှိပါ။ သို့ရာတွင် “သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌…

ဘုရားရှင်၏ အသက်တာပြောင်းလဲစေခြင်းလက်ဆောင်

ကျွန်မ၏ခင်ပွန်းနှင့်ကျွန်မတို့သည် လူငယ်အဖွဲ့ကို ကြိုဆိုနှုတ်ဆက်ပြီး သမ္မာကျမ်းစာအုပ်များ ဝေပေးခဲ့သည်။ “သားတို့သမီးတို့အသက်တာကို ပြောင်းလဲဖို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဒီလက်ဆောင်ကို ဘုရားရှင် အသုံးပြုလိမ့်မယ်” ဟု ကျွန်မပြောခဲ့သည်။ ထိုညတွင် ကျောင်းသားအနည်းငယ်က ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို အတူတကွဖတ်ရှုရန် ဆက်ကပ်ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်မတို့၏ အပတ်စဉ်တွေ့ဆုံချိန်များအတွင်း လူငယ်အဖွဲ့ကို သင်ကြားပေးလျက် သူတို့အား အိမ်၌လည်း သမ္မာကျမ်းစာဖတ်ရန် ဆက်လက်ဖိတ်ခေါ်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီးနောက် ကျွန်မတို့၏လူငယ်တစ်ဦးနှင့် ပြန်တွေ့ခဲ့သည်။ “ဆရာမ ကျွန်မကိုပေးခဲ့တဲ့ သမ္မာကျမ်းစာကို ကျွန်မအသုံးပြုနေတုန်းပဲ” ဟု သူမပြောခဲ့သည်။ ယုံကြည်ခြင်းနှင့်ပြည့်ဝနေသော သူမ၏အသက်တာကို သက်သေအဖြစ် ကျွန်မတွေ့ခဲ့ရသည်။

ဘုရားရှင်သည် သူ၏လူများအား ကျမ်းစာဖတ်ခြင်း၊ ရွတ်ဆိုကျက်မှတ်ခြင်းနှင့် ကျမ်းပိုဒ်များကိုရှာတတ်စေခြင်းတို့ထက် သာလွန်သော အစွမ်းအစကို ပေးထား သည်။ ကိုယ်တော်သည် ကျွန်မတို့အား နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ခြင်းအားဖြင့် သန့်ရှင်းသောလမ်းထဲ လျှောက်လှမ်းခွင့်ပေးထားသည် (ဆာ ၁၁၉:၉)။ ကျွန်မတို့ အပြစ်မှလွတ်မြောက်ကာ အသက်တာပြောင်းလဲစေရန် ဘုရားသခင်သည်…

ဖခင်များနေ့အထူးစာမူ

ဖေဖေများထံသို့

ဖခင်ကောင်း

ဖတ်ရန်-   ဆာလံကျမ်း ၆၃

အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။ ဆာ ၆၃:၆

ကျွန်မသား ဇေဗီယာ ငယ်စဉ်က ကျွန်မ၏ခင်ပွန်းသည် အလုပ်ကိစ္စဖြင့် မကြာခဏ ခရီးထွက်ရသည်။ ဖခင်က ဖုန်းမကြာခဏ ဆက်သော်လည်း ဇေဗီယာ အတွက် စိတ်သက်သာရာ…

အချိန်တိုင်း အရေးပါသည်

၁၉၁၂ ခုနှစ် ဧပြီတွင် တိုက်တန်းနစ် (Titanic)သင်္ဘောသည် ရေခဲစိုင်ကြီးနှင့်တိုက်မိသွားသည့်အခါ သင်းအုပ်ဆရာ ဂျွန်ဟာပါ(John Harper)က အနည်းငယ်သာရှိသော အသက်ကယ်လှေတစ်စီးပေါ်၌ သူ၏ ၆ နှစ်သမီးငယ်အတွက် နေရာတစ်နေရာစာရခဲ့သည်။ သူသည် သူ၏အသက်ကယ်အင်္ကျီကို အခြားခရီးသည်တစ်ဦးအား ပေးခဲ့ပြီး၊ သူ့ကိုနားထောင်သူကို တရားဟောခဲ့သည်။ သင်္ဘောမြှုပ်သွားပြီး ရာနှင့်ချီသောသူများက ရောက်လာမည့်ပုံ မပေါ်သည့် ကယ်ဆယ်ရေးအဖွဲ့ကို စောင့်နေခဲ့စဉ် ဟာပါသည် လူတစ်ယောက်ပြီး တစ်ယောက်ထံသို့ ရေကူးသွား၍ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ သင် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ပြောခဲ့သည် (တ ၁၆: ၃၁)

ကနေဒါနိုင်ငံ အွန်ထယ်ရီယိုမြို့တွင် တိုက်တန်းနစ်သင်္ဘောမှ လွတ်မြောက်လာခဲ့သူများ တွေ့ဆုံပွဲလုပ်သောအခါ လူတစ်ယောက်က သူ့ကိုယ်သူ “ဂျွန်ဟာပါကြောင့် ပြောင်းလဲခဲ့သည့် နောက်ဆုံးသူ” ဟု ဆိုခဲ့သည်။ ဟာပါ ပထမအကြိမ်ဖိတ်ခေါ်မှုကို   ထိုသူ ငြင်းဆန်ခဲ့ပြီး၊ နောက်တစ်ကြိမ် မေးသောအခါမှ ခရစ်တော်ကို…

ချစ်၍ နာခံခြင်း

ကျွန်မ၏မင်္ဂလာဆောင်၌ ဆရာတော်က “သင့်ခင်ပွန်းကို သေသည်အထိ ချစ်ဖို့၊ ရိုသေပြီး နာခံဖို့ ကတိပေးမှာလား” ဟု ပြောခဲ့သည်။ ခင်ပွန်းလောင်းအား ဝေ့ကြည့်ရင်း “နာခံဖို့လား” ဟု တိုးတိုးလေး မေးလိုက်သည်။ ကတိသစ္စာများထဲတွင်ပါသည့်အတိုင်း မျက်စိမှိတ်နာခံခြင်းမျိုး မဟုတ်ဘဲ မေတ္တာနှင့် လေးစားမှုဖြင့် ကျွန်မတို့၏ ဆက်ဆံရေးကို တည်ဆောက်ထားခြင်းဖြစ်သည်။ ကျွန်မသည် နာခံခြင်းဆိုသည့် စကားလုံးနောက် “ကတိသစ္စာပြုပါတယ်” ဟူသည့်စကားကိုပြောသည့် မျက်လုံးပြူးသွားစေသော အခိုက်အတန့်ကို ကျွန်မခင်ပွန်း၏ဖခင်က ဗီဒီယိုထဲတွင် အမိအရ ရိုက်ကူးခဲ့သည်။

နှစ်များစွာကြာလာသောအခါ၊ ‘နာခံခြင်း’ ဟူသောစကားကို ကျွန်မ၏အတိုက်အခံပြုခြင်းက ဇနီးမောင်နှံကြား မယုံနိုင်လောက်အောင်ရှုပ်ထွေးသောဆက်ဆံရေးနှင့် ဘာမှမသက်ဆိုင်ကြောင်း ဘုရားသခင် ပြသခဲ့သည်။ “လက်အောက်ခံဘဝ ကျရောက်သည်” (သို့) “အောက်ကျို့ အရှုံးပေးသည်” ဟူ၍ နာခံခြင်းကို ကျွန်မနားလည်ထားငြားလည်း ယင်းကို ကျမ်းစာက မထောက်ခံပါ။ ထိုအစား၊ သမ္မာကျမ်းပါ ‘နာခံခြင်း’ ဟူသည့်စကားလုံးက ဘုရားရှင်အား ကျွန်မတို့ချစ်နိုင်သည့်…

ဘုရားသခင်၏မေတ္တာထက် မကျော်လွန်နိုင်သော...

ယခုအရွယ်ရောက်နေပြီဖြစ်သော ကျွန်မ၏သား Xavier (ဇေဗီယာ) သူငယ်တန်းအရွယ်က သူ၏လက်ကို ကျယ်ပြန့်စွာ ဘေးသို့ဆန့်တန်းကာ “သားမေမေ့ကို ဒီလောက်ကြီး ချစ်တယ်” ဟု ပြောခဲ့သည်။ ကျွန်မလည်း ပိုမိုရှည်လျားသော ကျွန်မ၏လက်များကို ဆန့်တန်းကာ “မေမေက သားကို ဒီလောက်ကြီးချစ်တယ်”ဟုပြောရာ၊ သူက သူ၏လက်သီးဆုပ်လေးဖြင့် ခါးထောက်လိုက်ကာ “သားကမေမေ့ကို ပထမဦးဆုံး အရင်ချစ်တာ” ဟုပြောသဖြင့် ကျွန်မက ခေါင်းခါကာ “သားကို မေမေ့ဗိုက်ထဲ ဘုရားသခင် ပထမဆုံး ထည့်ထားပေးကတည်းက မေမေ ချစ်ခဲ့တာ” ဟု ကျွန်မပြန်ပြောလိုက်သည်။ ဇေဗီယာသည် မျက်လုံးများပြူးကာ “မေမေနိုင်ပြီ” ဟု ဆိုရှာသည်။ ကျွန်မက “မေမေတို့ နှစ်ယောက်စလုံးနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မေမေတို့ နှစ်ယောက်စလုံးကို အရင်ဦးဆုံး သခင်ယေရှုက ချစ်လို့ပေါ့” ဟု ပြန်ပြောခဲ့သည်။

ဇေဗီယာ သည် မွေးဖွားလာမည့် သူ၏ပထမဦးဆုံးရင်သွေးအတွက် ပြင်ဆင်ရာ၌ သူ့သားကို အခြားအရာများထက် ပိုချစ်ပြရန်ကြိုးစားလျက်…

ကိုယ်တော်၏အသံတော်ကို ကျွန်ုပ်ကြားပါ၏ဘုရား

ဆရာဝန်က ပထမဆုံးအကြိမ် နားကြားကိရိယာတပ်ဆင်ပေးစဉ် ဘေဘီ Graham (ဂရေဟန်)လေးသည် စိတ်ကသိကအောင့်ဖြစ်ကာ သူ၏မိခင်ပေါင်ပေါ်တွင် တွန့်လိန်လူးလှိမ့်ပြီး ငိုနေသည်။ ဆရာဝန်က နားကြားကိရိယာကို အသံညှိပြီးနောက် မကြာမီတွင် ဂရေဟန်လေး အငိုတိတ်သွားသည်။ သူ၏မျက်လုံးများလည်း ပြူးကျယ်လာပြီး ပြုံးရွှင်လာသည်။ သူ့မိခင်က သူ့အား ချော့မြူသောအသံ၊ အားပေးသောအသံနှင့် သူ့နာမည်ကိုခေါ်သော အသံများကို သူကောင်းစွာ ကြားနိုင်ပြီဖြစ်သည်။

ဂရေဟန်လေးသည် သူ့မိခင်ပြောသောအသံကိုကြားရပြီးဖြစ်သော်လည်း သူ့မိခင်၏အသံကိုမှတ်မိရန်နှင့် ပြောသောစကား၏အဓိပ္ပာယ်ကို နားလည်ရန် ဆက်လက်လေ့လာရန် လိုသေးသည်။ သခင်ယေရှုကလည်း ထိုလေ့လာမှုနည်းလမ်းအတိုင်း လုပ်ဆောင်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်နေပါသည်။ သခင်ခရစ်တော်ကို ကျွန်ုပ်တို့ယုံကြည်လက်ခံသည့်အချိန်မှစ၍ ကျွန်ုပ်တို့သည် သူ၏သိုးများဖြစ်လာကာ ကိုယ်တော်သည် သူ၏သိုးများအား တရင်းတနှီးသိမှတ်ပြီး ကိုယ်တိုင်ဦးဆောင် လမ်းပြတော်မူသည် (ယော ၁၀:၃)။ ကိုယ်တော်၏ စကားသံတော်ကို အလေးအနက်ထား နားထောင်ခြင်း အလေ့အကျင့်ကို လုပ်ဆောင်ခြင်းဖြင့် ကိုယ်တော်အား ပို၍ပို၍ကိုးစားပြီး နာခံမှု ရှိလာမည်ဖြစ်သည် (:၄)။

ဓမ္မဟောင်းကျမ်းတွင်…

သခင့်နိုင်ငံတော်ကို မျက်မှောက်ပြုသည့် ခေါင်းဆောင်မှု

အချင်းချင်းအတွက် ဆုတောင်းပေးပြီး တစ်ယောက်၏စာအုပ်အကြောင်းကို တစ်ယောက်ဝေမျှကြားပြောပေးသော ကလေးသူငယ်များအတွက် ခရစ်ယာန်စာပေများရေးသားသူ စာရေးဆရာအုပ်စုတစ်စုနှင့် ကျွန်မချိတ်ဆက်အလုပ်လုပ်ခဲ့စဥ်က အချို့လူများက “ပြိုင်ဘက်တွေနဲ့ တွဲလုပ်တာ မိုက်မဲတယ်” ဟု ပြောဆိုခဲ့ကြသည်။ သို့သော် ကျွန်မတို့အဖွဲ့သည် ယှဉ်ပြိုင်နေခြင်းမဟုတ်ဘဲ ဘုရားသခင်၏နိုင်ငံတော်အတွက် ရည်ရွယ်သော စိတ်ထားရှိသည့် ခေါင်းဆောင်မှုနှင့် လူ့အဖွဲ့အစည်းကို မြှင့်တင်ရန် ကတိပြုဆက်ကပ်ခဲ့ကြသည်။ ဧဝံဂေလိတရား ပြန့်ပွားအောင် ဝေမျှရန် ဟူသည့် တူညီသောပန်းတိုင်ထားရှိကာ၊ သခင်ယေရှုအတွက် ဟူသည့် တစ်ပါးတည်းသောဘုရင်မင်းကို အစေခံခဲ့ကြသည်။ ခရစ်တော်အတွက် ကျွန်ုပ်တို့၏ သက်သေခံချက်ဖြင့်  အတူတကွ လူတို့ကို တိုး၍ ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့သည်။

ခေါင်းဆောင်မှုအတွေ့အကြုံရှိသော သက်ကြွယ်လူကြီး ခုနစ်ကျိပ်တို့ကို ရွေးချယ်ရန် ဘုရားသခင်က မောရှေအား “သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။ ဤလူတို့ကို သင်တစ်ယောက်တည်းသာ ဆောင်ရွက်ရမည်မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက်ရကြမည်” (တော ၁၁:၁၇) ဟု…